အရသာထူခြားဟင်းပွဲများနဲ့ ကြည့်မြင်တိုင်က ရခိုင်ထမင်းဆိုင်

ဒီတစ်ပတ်မှာ ကြည့်မြင်တိုင် အင်းစိန်လမ်း(အပေါ်)က ဘားဘူ ရခိုင်-မြန်မာထမင်းဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပင်လယ်စာဟင်းအမယ်အများစုရပြီး ရခိုင်ချက်ကိုစားချင်တယ်ဆိုတဲ့သူတွေအတွက်တော့ သဘောကျလောက်မယ့်ဆိုင်လေးပါ။

ကြက်သောက်ဆမ်း
ကြက်သောက်ဆမ်း

ဒီတစ်ခေါက်မှာ စားဖြစ်ခဲ့တဲ့ ကြက်သောက်ဆမ်းက ချဉ်စပ်အရည်လေးနဲ့ ပူပူနွေးနွေးတကယ့် ရှုးရှုးရှဲရှဲအရသာဟင်းပွဲတစ်ခုပါ။ နောက်ထပ်တစ်မျိုးက အသားများများနဲ့ ၀က်ဂုတ်သားချက်ပါ။ ရခိုင်ခရမ်းသီးပါပြီး ရခိုင်ပုံစံနဲ့ချက်ထားတဲ့ ဟင်းတစ်ပွဲပါ။ ရခိုင်ချက်ဆိုပေမယ့် အရမ်းမစပ်အောင်ချက်ထားပြီး တော်ယုံ အစပ်စားနိုင်ရင်တောင် အဆင်ပြေပါတယ်။ 

ဝက်ဂုတ်သားချက်
ဝက်ဂုတ်သားချက်
ငါးပျံဟင်း
ငါးပျံဟင်း

ငါးပျံဟင်းကတော့ ငါးသိပ်စားလေ့မရှိတဲ့ ကိုယ်တောင်သဘောကျမိတဲ့ဟင်းပွဲပါ။ အလည်ကျောရိုးတစ်ခုထဲပါပြီး အသားမာမာလေးနဲ့ အရိုးကြောက်တဲ့သူတောင်စားလိုက်ပြီး အရသာတွေ့သွားတဲ့ဟင်းပေါ့။ ဟင်းအရသာနဲ့ ငါးအသားအရသာက ကောင်းတယ်လို့အမှတ်ပေးရမှာဖြစ်ပေမယ့် ဆီနည်းနည်းများတယ်လို့ ခံစားမိတယ်။

သခွပ်ပွင့်သုပ်
သခွပ်ပွင့်သုပ်

အရံဟင်းအနေနဲ့ စားခဲ့တဲ့ သခွပ်ပွင့်သုပ်လည်း သဘောကျတယ်။ ငှက်ပျောဖူး၊ ပုစွန်ခြောက်လေးတွေနဲ့ သုပ်ထားပြီး စားလို့ကောင်းပါတယ်။ နောက်ထပ်အသုပ်အနေနဲ့ ငါးနီတူခြောက်သုပ်၊ လယ်ခရုသုပ်၊ ၀က်ခေါက်သုပ်တို့လို စားကောင်းမယ့်အသုပ်တော်တော်များများလည်းရပါတယ်။

ဆိုင်ကဟင်းအများစုက စားနေကျမဟုတ်တဲ့ဟင်းပွဲတော်တော်များတယ်။ ကျောက်ငါးရခိုင်ချက်၊ ဖားသားမန်ကျည်းရွက်ချက်၊ တောဝက်သား၊ ဆတ်ချုံတုတ်၊ ငါးပျံဒလိမ့်၊ ငယက်ဘားဘူစတိုင်၊ ငါးလင်ပန်းချက် ဆိုပြီး ထူးထူးဆန်းဆန်းဟင်းပွဲတွေတော်တော်စုံပါတယ်။ ဒါပေမယ့် ကုန်ကြမ်းပစ္စည်းရတဲ့အပေါ်မှာမူတည်ပြီး ချက်ရတာမို့လို့ ကိုယ်စားချင်တဲ့ဟင်း ချက်မချက်ကို ဆိုင်ဖုန်း 09 261 831 319 ကိုအရင်ဆက်ပြီး မေးထားရင် ပိုအဆင်ပြေပါတယ်။

warmae.com logoView details of the store in warmae.com

BurBu Restaurant

Address:
No-55, Insein Street, near Kyeemyindaing Night Market
Hours:
10:00 - 21:30
Tel:
09261831319