အင်းယားကန်ဘောင်နားက Beyond Cafe ကော်ဖီဆိုင်

အမြဲတမ်းလိုလို ကန်ဘောင်နားကနေ ဖြတ်သွားရတော့ Coffee ဆိုင်လေးအသစ်ဖွင့်တာကို သတိထားမိတယ် ..အပြင်ကကြည့်တော့..ဆိုင်ပုံစံလေးက .မိုက်တယ်ပေါ့နော်.အေးအေးဆေးဆေးထိုင်လို့ရပုံစံလေးလည်းပေါက်တယ် ဒါပေမယ့် Coffee ဆိုင်ဆိုတော့ ကိုယ်က coffee သိပ်မသောက်တာက အကြောင်း နောက် ၀င်မယ်ဝင်မယ်ဆိုပြီး မအားလို့ ၀င်ဖြစ်တာနဲ့ ၀င်ဖို့မေ့သွားတာတွေ နဲ့… ဆိုင်ရှေ့က ဖြတ်၂သွားနေတာတော့ကြာပြီပေါ့လေ .. ဒီနေ့တော့ ထူး၂ဆန်း၂ အဲ့ဆိုင်လေးကို သတိသွားရတယ် ..ကိုယ်ရောက်နေတာကလည်း လှည်းတန်းမှာ အချိန်လည်းရတယ် ပြီးတော့ အေး၂ဆေး၂ လည်းထိုင်ပြီးတော့ စကားလေးလည်းပြောချင်တယ် Computer လည်းသုံးချင်တယ် ဆိုတော့ ဒီဆိုင်လေးကို ပဲသွားထိုင်ဖြစ်တယ်

အစကတည်းကသိချင်နေတာ..ဘယ်လိုပုံစုံရှိလဲ?? .. အစားအသောက်တွေကရော ဘာတွေရလဲ.. ??ဈေးကကော? ဘယ်လိုမျိုးလဲပေါ့..

သွားထိုင်ဖြစ်တော့ သူက Beyond Café ဆိုကတည်းက Coffee ကို အဓိကထားရောင်းတာ. . ကျန်တာတွေလည်းရတယ် lauch အတွက်လည်းရတယ် ဟမ်ဘာဂါ တို့ စပါဂတ်တီတို့ အခြား ထမင်းနဲ့ ဟင်း menu တွေလည်းရှိတယ် .. (မိုးရာသီ အတွက် special ကင်ချီခေါက်ဆွဲပြုတ် နဲ တုန်ယမ်းခေါက်ဆွဲပြုတ်လည်းရတယ် လို့ စားပွဲပေါ်မှာ ဘုတ်လေးထောင်ထားတယ် ..)

ကဲ..မှာတော့မယ်ဆိုတော့ နေ့ လည်စာစားထားလို့ ဗိုက်မဆာလို့ Coffee မှာပြီး သောက်ကြည့်တယ် Coffee က အရသာကောင်းပြီး အဆင်ပြေပါတယ်… နောက်ပြ်ီးတော့ yogurt တခွက်ထပ်မှာလိုက်တယ်.. ပြီးတော့မှ တခုခုတော့စားကြည့်မယ်လို့ စဉ်းစားလိုက်တယ် ဒီမှာအစားအများဆုံးက စပါဂတ်တီ(spaghetti) နဲ့ Grill Beef တဲ့ (Waitress ကို မေးကြည့်တာ) spaghetti မှာလိုက်တယ် သူလည်း အရသာကောင်းပါတယ်(စပါဂတ်တီ ကတော့ စားလေ့စားထမ၇ှိရင် အဆင်မပြေပါဘူး နိုင်ငံခြားသားအကြိုက် အရသာ-မို့လို့ပါ ပေါ့ပေါ့၇ွှတ်၇ွှတ်၂အရသာ) ဒီဆိုင်မှာဘာတွေကောင်းလဲ… အစုံမစားကြည့်ခဲ့ရပေမယ့်…စားသောက်ကြည့်သမျှ.အကုန်လုံးကတော့ ပေးရတဲ့ဈေးနဲ့ အရသာလည်းကောင်းပါတယ်…ဈေးနှုန်း ကတော့ coffee တခွက်ကို ၂၃၀၀ ကနေ စတယ် .. yogurt ကတော့ ၂၅၀၀ ကနေစပါတယ်.. စပါဂတ်တီ ကတော့ ၇၀၀၀ ကနေစပါတယ် … ဈေးနှုန်ကတော့ သူုနေရာနဲ့ သူ့ ပုံစံနဲ့ သူ ၀န်ဆောင်မှု့ နဲ့ အဆင်ပြေတယ်လို့ ထင်ပါတယ် .. … ပြီးတော့ ဟို၂ဒီ၂ လျောက်ကြည့်တာ ဒီဆိုင်လေးက အပြင်ကြည့်ရင် နည်းနည်းသေးတယ်လို့ ထင်ရပေမယ့် အထဲမှာ တော်တော်ကျယ်တယ် .. ထိုင်ခုံလေးတွေကလည်း ထိုင်လို့ကောင်းတယ် .. Decoration ကတော့ များများစားစားသိပ်မလုပ်ထားပါဘူး ရှင်း၂လေးပါပဲ(အောက်ကပုံတွေမှာပြထားပါတယ်) အေး၂ဆေး၂အကြာကြီးထိုင်ချင်တဲ့ သူတွေ ..တယောက်တည်းထိုင်တဲ့သူတွေ .အတွက်လည်း အဆင်ပြေပါတယ် (ဒီနေ့ သွားတာ weekend နေ့ဆိုတော့ ဆိုင်က နည်း၂လူများတယ် အေး၂ဆေး၂ထိုင်ချင်တဲ့သူတွေအတွက်တော့ weekend မှာအဆင်သိပ်မပြေနိုင်ပါဘူး ) week day တွေမှာတော့ အေးဆေးပါပဲတဲ့…

ညနေဖက်ေ၇ာက်ရင် အပြင်မှာထွက်ထိုင်လို့ရပါတယ် garden ရှိပါတယ် သူငယ်ချင်းတွေနဲ့ ညနေဖက်ဆိုရင်တော့ အပြင် Gardern မှာ ထိုင်တာ ပိုေ ကောင်းမယ်လို့ထင်ပါတယ် ..

ဒီမှာ ဘာကိုrecommend ပေးချင်လဲဆိုတော့ coffee တွေကိုပါပဲ coffe lover တွေဆိုရင်တော့ မြည်းစမ်းကြည့်ပါ….

akane
Akane is the cofounder of Warmae.com. She is visual and UX specialist. She has Eagle eye of UX problems. Also she loves foods in Myanmar and Japan.

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

အင်းယားကန်ဘောင်နားက Beyond Cafe ကော်ဖီဆိုင်

အမြဲတမ်းလိုလို ကန်ဘောင်နားကနေ ဖြတ်သွားရတော့ Coffee ဆိုင်လေးအသစ်ဖွင့်တာကို သတိထားမိတယ် ..အပြင်ကကြည့်တော့..ဆိုင်ပုံစံလေးက .မိုက်တယ်ပေါ့နော်.အေးအေးဆေးဆေးထိုင်လို့ရပုံစံလေးလည်းပေါက်တယ် ဒါပေမယ့် Coffee ဆိုင်ဆိုတော့ ကိုယ်က coffee သိပ်မသောက်တာက အကြောင်း နောက် ၀င်မယ်ဝင်မယ်ဆိုပြီး မအားလို့ ၀င်ဖြစ်တာနဲ့ ၀င်ဖို့မေ့သွားတာတွေ နဲ့… ဆိုင်ရှေ့က ဖြတ်၂သွားနေတာတော့ကြာပြီပေါ့လေ .. ဒီနေ့တော့ ထူး၂ဆန်း၂ အဲ့ဆိုင်လေးကို သတိသွားရတယ် ..ကိုယ်ရောက်နေတာကလည်း လှည်းတန်းမှာ အချိန်လည်းရတယ် ပြီးတော့ အေး၂ဆေး၂ လည်းထိုင်ပြီးတော့ စကားလေးလည်းပြောချင်တယ် Computer လည်းသုံးချင်တယ် ဆိုတော့ ဒီဆိုင်လေးကို ပဲသွားထိုင်ဖြစ်တယ်
Continue reading →