ရန်ကုန်က လူသိနည်းသေးတဲ့ အမိုက်စားဘားတစ်ခု

ဒီတစ်ခေါက်မှာ လူသိနည်းသေးတဲ့ အမိုက်စားဘားတစ်ခုအကြောင်းပြောပြချင်ပါတယ်။ ဘာလို့အမိုက်စားဘားတစ်ခုလို့ နာမည်တပ်ရလဲမေးစရာရှိပါတယ်။ အောက်မှာ ဒီဘားအကြောင်းကို အသေးစိတ်ဖော်ပြပေးသွားပါမယ်။

Bar De Rangoon မှာ Bar, Sport Gaming, Drinks and Foods အစုံရှိပြီး သူငယ်ချင်း အပေါင်းအသင်းတွေ စုသွားဖို့ တော်တော်လေးမိုက်တဲ့နေရာတစ်ခုပါ။ ဆိုင်မှာ နိုင်ငံခြားသားအများစုထိုင်ပေမယ့် မြန်မာကြိုက်အမြည်းတွေလည်း လက်ရာကောင်းပါတယ်။ အပေါ်ထပ်အောက်ထပ် ၂ ထပ်ရှိပြီး အော်ကမှာက အေးဆေးထိုင်သောက်လိုသူတွေအတွက်နဲ့ အပေါ်ထပ်မှာတော့ ဆိုင်ကိုလာတဲ့သူတိုင်း အခမဲ့ဆော့လို့ရတဲ့ Billiards ခုံအမိုက်စားတစ်ခုလည်းရှိပါတယ်။

အမြည်းအကြောင်းကိုအရင်စပြောရရင် ဒီတစ်ခေါက် Admin စားခဲ့တဲ့ အမြည်းတော်တော်လေးများပါတယ်။ Fried Fish salad လို့ခေါ်တဲ့ အရိုးလုံးဝမပါတဲ့ ဟင်းပွဲကိုအတော်လေးသဘောကျမိတယ်။ အသားအရသာကောင်းပြီး တစ်ပွဲကို (၁၁၀၀၀) ကျပ်နဲ့ တစ်ဝိုင်းစာလောက်ကို ထိန်းသွားနိုင်တဲ့ အမြည်းတစ်ခုပါ။ နောက်တစ်ခုက ဆိတ်သားကို နေလှမ်းပြီး အခြောက်ကင်ကာ ထောင်းထားတဲ့ ဆိတ်သားထောင်းက တစ်ပွဲကို ၅၅၀၀ ကျပ်ပါ။ အနံ့မရှိပဲ စားချဉ်စပ်အရသာရှိပါတယ်။

နောက်ထပ်စားလို့အရသာတွေ့မိတာက ငါးကြင်းဗိုက်သားကင် ဟင်းပွဲပါ။ ဒီဆိုင်ရဲ့ စားဖိုမှုးထွင်ထားတဲ့ ဟင်းပွဲဖြစ်ပြီး ဟင်းအနှစ်အရသာအတော်လေးကောင်းပါတယ်။ ဒါပေမယ့် အရိုးကြောက်တတ်ရင်တော့ သတိထားစားပါ။ အဆီအနှစ်ရှိရှိစားဖို့ဆိုရင်တော့ ထိုင်းစတိုင် ၀က်ဂုတ်သားကင်ကို စားကြည့်ဖို့ ညွှန်းလိုပါတယ်။ ထိုင်းအစားအသောက်အရသာဖြစ်ပြီး တစ်ပွဲ ၅၅၀၀ ကျပ်နဲ့ အီနေအောင်စားလို့ရပါတယ်။

အရက်ဘီယာမသောက်ပဲ ပါးပါးပုတ်ချင်တဲ့ မိန်းကလေးတွေအတွက် Cocktail သောက်မယ်ဆိုရင်တော့ Frozen Christmas ကိုရွေးသင့်ပါတယ်။ Vodka Base ဆိုတော့ အနံ့လေးမွေးပြီး ပေါ့ပေါ့ပါးပါးသောက်လို့ရပါတယ်။ ဒါမှမဟုတ်ပဲ အပြင်းအရသာလိုချင်တယ်ဆိုရင်တော့ Run Base ဖြစ်တဲ့ Galaxy Ray ကိုသောက်ရင် တစ်ခွက်နဲ့တင် အတော်လေး အဆင်ပြေပါပြီ။ ဒီပိုစ့်မှာ ရေးထားပေးတဲ့ Signature Cocktails ၄ မျိုးစလုံးက တစ်ခွက်ကို ၇၀၀၀ ကျပ်ပါ။

ဒီဆိုင်ကိုသွားမယ့်သူတွေအတွက် မဖြစ်မနေသတင်းကောင်းပါးလိုတာက ခရစ်စမတ်မတိုင်ခင်အထိကို အမြည်းဘာစားစား ၁၀ ရာခိုင်နှုန်းလျှော့ဈေး၊ Draught beer ၂ ခွက်သောက် ၁ ခွက် free ပါ။ ဒီနှစ် ဒီဇင်ဘာမှာ ဆိုင်ကောင်းကောင်းလေးတွေ အဖွဲ့လိုက်သွားမယ်ဆိုရင်တော့ ဒီဆိုင်လေးကို မဖြစ်မနေသွားကြည့်သင့်ပါတယ်။

warmae.com logoView details of the store in warmae.com

Bar De Rangoon

Address:
Shop H, No.52 , Building No 15/17, Royal Yaw Min Gyi Condo, Bo Yar Nyunt Street, Dagon Township, Yangon.
Hours:
15:00 - 12:00
Tel:
09955206234