Bamboo Korean BBQ Buffet

ဆိုင်နာမည်ကတော့ “ Bamboo Grove Korean BBQ” ပါ ။
တကယ်တော့ မိုးအေးအေးနဲ့ နှပ်လို့ကောင်းတဲ့နေရာဆိုလဲ မမှားပါဘူး ။
Korean BBQ လေးကို Buffet အ၀စား မှ ၁၂၆၀၀ ကျပ် တိတိပါ ။ အမယ် ၉ မျိုးရပါတယ်။

အသားတွေအကုန်လုံးလို အစိမ်းသပ်သပ်မဟုတ်ဘဲနဲ့ အချိုဆို အချိုအရသာ ၊ အစပ်ဆိုအစပ်အရသာ နှပ်ထားပြီးသားပါ။
အကြိုက်ဆုံးကတော့ Soy sauce pork နဲ့ Spicy pork ပါ။ Spicy Chicken လေးလဲမဆိုးဘူးရယ်။ Spicy Pork Belly လဲစားကောင်းတာပဲ။ အာလူးထောင်း ချိုချိုလေးကိုလဲ စားကောင်းလို့ ၂ ခါပြန်ထည့်ခိုင်းမိခဲ့ပါတယ်။ (သြော် ကိုယ်မကြိုက်တာလဲ မရှိပါလားနော်😋)
Soju လဲရတယ်ဆိုတော့ အသားကင်လေးကို ဆလတ်ရွက်နဲ့ထုပ်ပြီး ၀ါးလိုက် Soju လေးမော့လိုက် မိုးအေးအေးနဲ့ သာယာချက်ပဲ။

သူကကိုယ်တိုင်ယူစနစ်မဟုတ်ဘဲနဲ့ မှာတာကိုယူပေးတဲ့စနစ်ဆိုပေမယ့် လာချပေးတဲ့ အသားတစ်ပွဲ တစ်ပွဲက တော်တော်များတော့ ခနခနထပ်မှာစရာတောင်မလိုဘူး။

 

အသားတွေတော့ တော်တော်နူးညံ့တယ်ပြောရမယ်။ အကြာကြီးကင်စရာတောင်မလိုဘူး။
ဒီဆိုင်မှာ ကိုယ်ကြိုက်တဲ့နောက်တစ်ချက်ကဘာလဲဆိုတော့ အချိန်ကန့်သတ်မထားတာပဲ။ Buffet ဆိုများသောအားဖြင့် ၂ နာရီဝန်းကျင် သတ်မှတ်ထားတတ်ကြတယ်လေ။

နောက်ပြီးနေရာကလဲ ကားပါကင်အတွက်အဆင်ပြေတယ်။ ၀န်ထမ်းတွေကလဲ ဆက်ဆံရေးကောင်းပြီး ၀န်ဆောင်မှုလဲကောင်းတဲ့အတွက် Bamboo ကိုတော်တော်လေးသဘောကျမိပါတယ်။

လိပ်စာကတော့ – အမှတ် ၂၉ ၊ ဝေဇယန္တာလမ်းမကြီးပေါ်မှာပါ။ အောင်ရတနာဆေးရုံနဲ့ မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာပါ။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။