Wine ချစ်သူများရဲ့ Avenue Wine Bar & Bistro
စနေတစ်ခုလုံး အဲ့ဒီမှာ မိုးအေးအေး ၀ိုင်နဲ့ရှီရှားသောက်ရင် ဇိမ်ကျလွန်းတော့ အကြိုက်တွေ့ခဲ့တဲ့ဆိုင်လေးပါ။ ဆိုင်ကတက္ကသိုလ်ရိပ်သာလမ်းသစ် Fusan တရုတ်ဘုံကျောင်း ဘက်မှာ ဖွင့်ထားတာ။ မီးပွိုင်းနဲ့ မနီးမ၀ေးလေးပဲ။ ၀ိုင်အမျိုး ၁ဝဝကျော်တင်ထားပြီး ဈေးနှုန်း ၂ဝဝဝဝကျော်မှ ၃သိန်းလောက်အထိအစားစားရှိပြီး ကျွန်တော်က ၀ိုင်အကြောင်း နှံနှံစပ်စပ်မရှိတော့
မေးတာတွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြသူရှိတာလေးတော့ သဘောကျမိတယ်။
ဒါနဲ့ကိုယ်က ချိုချိုသောက်ချင်တယ်ပြောတော့ ညွန်းတဲ့ပုလင်းက Las vascos chardonnay 750ml လေးက ဈေးနှုန်း ၂၂၀၀၀ ပဲပေးရပြီး အတော်လေးသောက်လို့ကောင်းတယ်။ Bottle လိုက်ဝယ်ယူသူတွေများပြီး ဆိုင်ထိုင်စားသောက်သူတွေ နည်းတဲ့အတွက် အဲနေ့ကတော့ တစ်ဆိုင်လုံးကို ၂ယောက်ထဲ့ ငှားပြီး စားနေရသလို feeling လေးနဲ့ပေါ့။ ဆိုင်က Bottle မကုန်ရင်လည်း ဖုန်းနံပါတ်ပေးထားရုံနဲ့ ၀ိုင်မပျက်တဲ့အထိ သိမ်းပေးထားတယ်လို့ ပြောတာကြားခဲ့တယ်။
အငွေ့ကိုအေးသွားအောင်လို့ ရှီးရှားရဲ့ပိုက်ထိပ်လေးကို ရေခဲဘူးလေးတပ်ပေးထားကလည်း တော်တော်ဆန်းခဲ့တယ်။ ကော့တေးအပိုင်းမှာ Gim Twist (5000ကျပ်)လေးက ရေခဲပျော်သွားရင် အရသာတဖြည်းဖြည်းပြောင်းသွားအောင် Fruit Ice တွဲပေးထားတဲ့အတွက် တစ်ထိုင်တည်းမသောက်မိအောင်သတိပြုပြီး ဖြည်းဖြည်းလေးနဲ့ သောက်ခဲ့ရတယ်။
စားကောင်းတဲ့ဟာလေးတွေဆိုရင်တော့ ၀က်နံရိုးကင်(9000ကျပ်)ကိုညွန်းရမယ်။ အစားကြီးတဲ့ကျွန်တော့အတွက်တော့ Sizeကြီးတဲ့ ၀က်နံရိုးကင်ကို တော်တော်လေးသဘောတွေ့တယ်။ အသားနူးညံ့ပြီး Sauceရဲ့အရသာကလည်းနူးဝင်နေတယ်။ ကင်းမွန်ကြော်(3000ကျပ်)နဲ့ ကြက်အစုံကင်(3000ကျပ်) တို့လည်း ၀ိုင်နဲ့လိုက်ပြီး စားလို့ကောင်းတယ်။
ဆိုင်လေးက၀ိုင်ကိုသီးသန့်ရောင်းတဲ့အတွက် ၀ိုင်ကောင်းကောင်းလေးတွေရတယ်ခင်ဗျ။ ၀ိုင်ချစ်သူတွေအတွက် ညွန်းခဲ့ပါတယ်။
လိပ်စာ- 138C.New University Avenue Road
ဖုန်း- 01 400 842
Fb page- https://www.facebook.com/winebarmyanmar/









