ဘုန်းကြီးလမ်းပေါ်မှာ အသစ်ဖွင့်ထားတဲ့ ဆိုင်လေးခင်ဗျ။ဆိုင်အပြင်အဆင် အရမ်းလှတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါ။ ပထမထပ်မှာ အစိမ်းရောင်Barခုံကြီးရှိပြီး အပေါ်ထပ်မှာကတော့ Sofa ခုံတွေနဲ့ပြင်ဆင်ထားတယ်။ နေရာကောင်းပြီး အစားအစာလည်းကောင်းတဲ့အတွက် ညဥ့်နက်ပိုင်းရောက်ရင်လည်း Bar ပုံစံအနေနဲ့လူစည်မယ်လို့ထင်တယ်။
ဆိုင်ရဲ့ Menu ကတော့ အာရှတိုက်ထဲမှာရှိတဲ့ အစားအစာတွေကို ပေါင်းချုပ်ထားသလိုပါပဲ။ ကျွန်တော်တို့မှာလိုက်တဲ့ဟင်းတွေထဲမှာဆို တရုတ်ဟင်း၊ ယိုးဒယားဟင်း၊ မြန်မာဟင်း ၃မျိုးစလုံး ပါသွားတယ်။ ဒါပေမဲ့အခုထိအကြိုက်ဆုံးလို့ ပြောပါဆိုရင်တော့ အရေခွံကြွပ်ကြွပ်လေးနဲ့ အသားလေးတွေကနူးညံ့ပြီး အရသာဝင်နေတဲ့ ၀က်လက်အကြွပ်ကင်(၁၅၀၀၀ကျပ်)ကိုပဲ ညွန်ရမယ်။ အသားထဲကို အရသာစိမ့်ဝင်သွားအောင် တစ်နေကုန်အရသာစိမ်ထားပြီး မှာတဲ့အချိန်မှ ပြန်ကြော်ထားတာလို့ပြောပြတယ်။ ဈေးနှုန်းနည်းနည်းမြင့်ပေမဲ့ အရသာအတွက်တော့ တော်တော်လည်းအာမခံတယ်။
ဝက်လက်အကြွပ်ကင်ဆိုတဲ့ဟင်းလေးကဈေးကြီးပေမဲ့ တခြားဟင်းတွေကတော့ အကုန်လုံးဈေးအလယ်အလတ်လောက်မှာပဲ ရှိပါတယ်။ ကျွန်တော်တို့မှာစားခဲ့တဲ့ ၀က်ဂုတ်သားကင်သုတ်၊ ဆားဘဲဥငါးအရေခွံကြော်၊ ဘဲပေါင်းဟင်းချိုတို့ဆိုရင် ၆၀၀၀ကျပ် ပတ်ဝန်းကျင်နားလေးမှာပဲ ရှိကြတယ်။ အရသာကောင်းပြီး ဈေးနှုန်းလည်းအတော်လည်းတန်တယ်လို့ ပြောရမယ်။
ဆိုင်ရဲ့နောက်တစ်ခု နာမည်ကြီးတာကတော့ အချိုပွဲပါ။ အုန်းသီးခွက်လေးထဲမှာ ရေခဲမှုန့်၊ ကောက်ညင်းငချိတ်နဲ့ စိန်တစ်လုံးသရက်သီးတို့ကိုတွဲဖက်ထားတဲ့ပုံလေးက ကျွန်တော်ရဲ့ wechatထဲမှာ ခဏခဏပေါ်လာတတ်တယ်။ မိန်းကလေးတွေတော်တော်ကြိုက်ပုံပေါက်တယ်ခင်ဗျ။
လိပ်စာ-99/101, Phone Gyi Street, Lanmadaw Township
ဖုန်း- 09 972 353397







