အကောင်းဆုံး ကော်ဖီများစုဝေးရာ Artisan Amour

ကော်ဖီကြိုက်တတ်တဲ့မိတ်ဆွေတွေအတွက် အကောင်းဆုံးကော်ဖီနဲ့ ကိတ်တွေရနိုင်မယ့် နေရာလေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ဆိုင်ကတော့ မြန်မာပလာဇာ မြေညီထပ်မှာရှိတဲ့ Harry’s Bar နားမှာရှိတဲ့ Artisan Amour ဆိုတဲ့ဆိုင်လေးပါ။

Avocado Coffee
Avocado Coffee

ပထမဆုံးမှာ ဒီဆိုင်ရဲ့ signature ဖြစ်တဲ့ Avocado Coffee လေးက သောက်ဖြစ်ခဲ့ပါတယ်။ ထောပတ်သီးအရသာနဲ့ ကော်ဖီအရသာကို ရောနှောထားပြီး ပျစ်ပျစ်နှစ်နှစ်ရှိပြီး Diet သမားတွေအတွက် အထူးသင့်တော်လို့ လူကြိုက်များတယ်လို့ သိရပါတယ်။ တစ်ခွက်ကို ၅၀၀၀ ကျပ်ဖြစ်ပါတယ်။

Espresso Martini
Espresso Martini

Vodka နဲ့ Espresso ရောထားတဲ့ Espresso Martini ကတော့ ပြင်းပြင်းရှရှအရသာနဲ့ တမူထူးခြားတဲ့ အရသာတစ်ခုကိုပေးစွမ်းနိုင်ပါတယ်။ တကယ့်ကို အခါးဓာတ် ခပ်ပျင်းပျင်းအရသာကို ကြိုက်တယ်ဆိုရင်တော့ တစ်ခါလောက်သောက်ကြည့်သင့်ပါတယ်။ အခါးအရမ်းမကြိုက်ဘူးဆိုရင် အရသာဆိမ့်ဆိမ့်လေးနဲ့ အနံ့မွှေးမွှေးလေးသောက်လို့ကောင်းတဲ့ Hazelnut latte ကလည်း ဒီဆိုင်ရဲ့ နာမည်ကြီးကော်ဖီတစ်ခုပါ။

Espresso Martini
Espresso Martini
Piccolo Latte
Piccolo Latte

အချဉ်အရသာ ထည့်လိုက်ရင် အပြာရောင်ကနေ ခရမ်းရောင်ပြောင်းသွားတဲ့ Fancy Drink Butterfly Tea နဲ့ Espresso ခရေဇီများအတွက် Piccolo Latte တွေကလည်းကော်ဖီကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝသင့်တော်ပါတယ်။ ကော်ဖီအမျိုးစားတော်တော်စုံလင်ပြီး ကိုယ်သဘောကျနိုင်မယ့် ကော်ဖီကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

ဆိုင်က ကိုယ်တိုင်လုပ်တဲ့ Cake တွေဖြစ်တဲ့ Nutella Cheese Cake၊ Cinnamon Roll ၊ Brownie ၊ Carrot Cake တွေကလည်း အရသာအထူးကောင်းမွန်တဲ့အပြင် ကော်ဖီနဲ့တွဲဖက်သောက်သုံးလို့ အဆင်ပြေပါတယ်။

ဒါ့အပြင် Sandwich, Bagel, Muffin, Wheat Bread, Beef Noodles, Beef Stew Rice Bowl, Nasi Lemak တို့လည်းရနိုင်ပါတယ်။ ညနေပိုင်းမှာလည်း Bar ပုံစံနဲ့ House Wine မျိုးစုံ၊ Artisan Cocktails မျိုးစုံအပြင် တခြားသောက်လို့ရတဲ့ Beverage တော်တော်များများ ထပ်ရလို့ မြန်မာပလာဇာဘက်ရောက်ဖြစ်ခဲ့ရင် တစ်ခါလောက်သွားကြည့်ဖို့ တိုက်တွန်းပါတယ်။

warmae.com logoView details of the store in warmae.com

Artisan Amour

Address:
HAGL Myanmarplaza
Hours:
8:00 - 21:00
Tel:
09952876367