AJ’s Bar and Grill

Aj bar sign

Aj’s Bar

ဗိုလ်မြတ်ထွန်းလမ်းနဲ့ အနော်ရထာလမ်းထိပ်က Aj’s Bar လေးက ဖြတ်သွားတိုင်းမြင်မိပေမဲ့ ၀င်ထိုင်ဖို့ အခွင့်မကြုံခဲ့ဘူး။ ဒီတစ်ခေါက်တော့ သူတို့ရဲ့ Happy Hour ကြော်ညာလေးကို တွေ့ပြီး ၀င်ထိုင်ဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ happy hour (4pm to 7pm)အချိန်တွင်းမှာ အစာပြေအစားအစာတွေနဲ့ ကော့တေးတွေကို ၃၀၀၀ကျပ်နဲ့ပဲ ရောင်းချတယ်လေ။ နောက်ပြီး ဘီယာ Buy 2 get 1 ဆိုတော့ တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတယ်။

Appetizers ဖြစ်တဲ့ BBQ Chicken Wings နဲ့ Maxican Street Corn တို့ဆိုရင် ထိုHappy hour အချိန်အတွင်းမှာ တော်တော်လေးတန်သွားတယ်လို့ ထင်ခဲ့မိတယ်။ အဆာလည်းပြေတယ်။ အရသာလည်းကောင်းတယ်။ ကျန်တဲ့အစားအစာလေးတွေကတော့ ဈေးနည်းနည်းမြောက်မယ်။ ဟင်းတစ်ပွဲကို ၁၀၀၀၀ပတ်ဝန်းကျင်တော့ သွားလိမ့်မယ်။
ကော့တေးအပိုင်းမှာတော့Vodka ကိုအခြေခံပြုပြီး ဂျင်း၊ သံပရာသီး တို့နဲ့ရောဖျော်ထားတဲ့
Moscow muleကတော့ သူတို့မသောက်မဖြစ်လေးပဲ။ သူနဲ့အရသာတူတာဆိုရင် Classic Mojito ရှိတယ်။ သူကတော့အရသာနည်းနည်း ပိုပျော့မယ်။ မိန်းကလေးတွေအတွက် ပိုသင့်တော်တယ်။ နောက်ပြီး Mojito Night ဗုဒ္ဓဟူးနေ့ဆိုရင် သူက Buy 1 get 1။
တခြားအစားအစာတွေလည်း အများကြီးရှိပါသေးတယ်။ အရမ်းများလွန်းတဲ့အတွက် ဓာတ်ပုံထဲမှာပဲ ရှင်းပြတော့မယ်။ Tag ကြည့်ပါဦး ခင်ဗျ။
လိပ်စာ- 132 Corner of Bo Myat Htun Street and Anawrahta Road, Botahtaung Town ship, Yangon
ဖုန်း- 09 785 422151
Fb page- https://www.facebook.com/ajbaryangon/

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။