Acacia Tea Salon က Hi Tea Set

Acacia Tea Salon
Hi Tea Set A

ဗဟန်း ဆရာစံလမ်းပေါ်က အေးအေးဆေးဆေး ရှိလှတဲ့ Acacia Tea Salon က Hi Tea Set အကြောင်း မိတ်ဆက်ပေးပါရစေ…

ဆိုင်အကြောင်း

အရင်ဆုံး ပြောပြချင်တာက Acacia Tea Salon ရဲ့ အကြောင်းလေးပါ။ ဒီ Tea Salon က ခြံလေးတစ်ခြံထဲမှာ တည်ရှိပြီး မနက်စာ၊ နေ့လယ်စာနဲ့ ညစာပါ ရရှိနိုင်တဲ့ နေရာ ဖြစ်ပါတယ်။ မနက်စာကိုတော့ တနင်္လာကနေ သောကြာအထိ မနက် ၈း၃၀ ကနေ မနက် ၁၁း၃၀ အထိ ရပါတယ်။ Warmae အနေနဲ့ နေ့လယ်ခင်းမှာ လက်ဖက်ရည်သောက် အနားယူရင်း အပန်းဖြေခဲ့တဲ့ အတွေ့အကြုံလေးကို ပြန်လည် မျှဝေချင်ပါတယ်။

Best afternoon tea award 2017 in Myanmar
BEST AFTERNOON TEA award 2017 by MYANMORE

ဆိုင်ရဲ့အတွင်းပိုင်း

ဆိုင်ရဲ့ အတွင်းပိုင်းကတော့ နှစ်ထပ်အိမ်ကလေး တစ်လုံးဖြစ်ပြီး အေးချမ်းတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ အေးအေးဆေးဆေး ဆွေးနွေးစရာတွေ ဆွေးနွေးဖို့၊ ဆိတ်ငြိမ်တဲ့ရပ်ဝန်းမှာ အရေးကြီးတာတွေ ပြောဆိုဖို့သင့်တဲ့ ရပ်ဝန်းတစ်ခု ဖြစ်ပါတယ်။

လက်ဖက်ရည်အမျိုးအစားစုံစွာ

ဒီဆိုင်မှာ လက်ဖက်ရည်နဲ့ ပတ်သတ်ပြီး အဓိကတွေ့ရတာကတော့ လက်ဖက်ခြောက် အမျိုးအစားမျိုးစုံ ရှိတာ ဖြစ်ပါတယ်။ Black Tea မှာ Classic Black(တစ်အိုးကို ၄၀၀၀ကျပ်) နဲ့ Ladies collection(တစ်အိုးကို ၄၅၀၀ကျပ်) ဆိုပြီး ၂မျိုး ရှိပါတယ်။ Ladies collection ကိုမှ အမျိုးအစား ၁၀ မျိုး ထပ်ခွဲထားပြီး၊ Classic Black က ၇မျိုး ရှိပါတယ်။ Green Tea မှာ Classic Green Tea(တစ်အိုးကို ၅၀၀၀၊၇၀၀၀၊၉၀၀၀ကျပ်) ရှိပြီး Flavoured Green Tea(တစ်အိုးကို ၅၀၀၀ကျပ်) ရှိပါတယ်။ ရှားပါးပြီး နူးညံ့ကောင်းမွန်တဲ့ White Tea ကတော့ တစ်အိုးကို ၁၀၀၀၀ကျပ် ဖြစ်ပါတယ်။ ဒါ့အပြင် Flavoured Black Tea နဲ့ Fruit Tea စတဲ့ လက်ဖက်ရည်မျိုးစုံ ရှိပါသေးတယ်။
(Menu အသေးစိတ်ကို ဒီ Blog ရဲ့ အောက်မှာ ပါတဲ့ ဆိုင်အကြောင်းမှာ သွားကြည့်နိုင်ပါတယ်။)

 

Hi Tea Set A from Acacia Tea Salon
Hi Tea Set A = a set of cakes + Pastries + Finger Sandwich + Savory Scones + Mini Homemade Burger + Classic Black Tea 1 pot + Fruits = 20,000 MMK

 

Tea Set ထဲမှာ ဘာတွေပါ

ဒီ Tea Set မှာ Classic Black Tea ထဲက မိမိကြိုက်တဲ့ လက်ဖက်ခြောက်ကို ရွေးချယ်လို့ ရပါတယ်။ Acacia ရဲ့ ကိတ်မုန့်ငယ်လေးတွေ နဲ့ Finger Sandwich ၊ Mini Burger နဲ့ အသီးတွေလည်း ပါပါတယ်။

Mini Burger
Mini Burger from Acacia Tea Salon

Mini Burger က သေးငယ်ပေမယ့် အရသာနဲ့ ပြည့်စုံပါတယ်။ Tea set ထဲမှာ ပါတဲ့ မုန့်တွေဟာ အမျိုးစုံအောင်လို့ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဘာရွေးရမလဲ စဉ်းစားစရာမလိုတော့အောင် Set အလိုက် လုပ်ထားတာ ဖြစ်ပြီး Tea Pot နဲ့ မုန့်တွေက လူနှစ်ယောက် စားလို့ ရပါတယ်။ နေ့လယ်ခင်း Tea Time ကို အေးအေးဆေးဆေး ဖြတ်သန်းဖို့ လုံလောက်ပါတယ်။

တကယ်လို့ လက်ဖက်ရည်အဖြစ် မိမိစိတ်ကြိုက်အရသာ ဖျော်ဖို့လည်း နွားနို့ရယ်၊ White Sugar ကော Black Sugar ပါ ပေးထားပါတယ်။ ဒါမှမဟုတ်ဘဲ မုန့်နဲ့ လက်ဖက်ခြောက်ရဲ့ အရသာစစ်စစ်ကိုပဲ တွဲဖက် သုံးဆောင်လို့လည်း ရပါတယ်။

အေးဆေးတိတ်ဆိတ်သောနေရာလေး

ဒီဆိုင်ရဲ့ အားသာချက်တစ်ခုကတော့ အေးချမ်းတိတ်ဆိတ်ပြီး အပန်းဖြေလို့ ကောင်းတာပါပဲ။ နေ့လယ်ကတည်းက ရောက်ရှိခဲ့တဲ့ ကျွန်တော်ဟာ ရုပ်ရှင်တစ်ကားကို အေးအေးဆေးဆေးကြည့်ပြီး ညနေမှ ဆိုင်ကနေ ပြန်ခဲ့ပါတယ်။ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကတော့ Eat, Pray, Love တဲ့။

Spend your Afternoon at Acacia Tea Salon

ခြံဝန်းကျယ်ကျယ်

တကယ်လို့ ခြံဝန်းထဲမှာ ထိုင်ချင်ရင်လည်း ထိုင်လို့ ရပြီး ကားရပ်ဖို့ ကျယ်ဝန်းတဲ့ နေရာလည်း ရှိပါတယ်။ ညစာစားဖို့လည်း လှပသပ်ရပ်တဲ့ အသွင်အပြင် ရှိပါတယ်။ အင်မတန်ခမ်းနားတဲ့ အတွင်းအပြင် အလှဆင်ထားတာကို တွေ့ရပါတယ်။

လက်ဆောင်ပစ္စည်းတွေပါဝယ်

တကယ်လို့ ဒီဆိုင်က မုန့်တွေကိုကြိုက်တယ်၊ လက်ဖက်ရည်ရဲ့ အရသာကို နှစ်သက်လို့ လက်ဖက်ခြောက်တွေကို လက်ဆောင်ပေးဖို့၊ အိမ်မှာသောက်ဖို့ ဝယ်ချင်တယ်ဆိုရင်လည်း ရောင်းချပေးပါတယ်။

လိပ်စာကတော့ အမှတ် ၅၂၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ် ဖြစ်ပါတယ်။

 

warmae.com logoView details of the store in warmae.com

Acacia

Address:
No.52,Sayar San Road,
Hours:
8:30 - 22:00
Tel:
01 554739

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။