ရန်ကုန်မြို့ရဲ့ သက်တမ်းရင့် ရှမ်းခေါက်ဆွဲဆိုင်

ဆူးလေ ၃၄ လမ်း (အလယ်ဘလောက်) မှာရှိတဲ့ 999 Shan Noodle Shop ဟာ ဖွင့်လာတဲ့သက်တမ်းနှစ် (၄၀) ရှိပြီဆိုတော့ အတော်လေးစိတ်ဝင်စားမိခဲ့တယ်။

ရန်ကုန်ကိုရောက်လာတဲ့ နိုင်ငံခြားသားတော်တော်များများလည်း သိတဲ့ဆိုင်ဖြစ်တာကြောင့် အရောက်သွားဖြစ်ခဲ့တယ်။

အင်းလေး ငါးထမင်းနှယ်
အင်းလေး ငါးထမင်းနှယ်

ဆိုင်က အရမ်းအကြီးကြီးမဟုတ်ပါဘူး။ ၂ ထပ်ရှိပြီး အပေါ်ထပ်နဲ့ အောက်ထပ် ၂ နေရာစလုံးမှာ စားသောက်လို့ရပါတယ်။ ပုံစံဆန်းဆန်းလေးနဲ့ စားချင်စဖွယ် အင်းလေး ငါးထမင်းနှယ်ကို အရင်ဆုံးစားဖြစ်တယ်။ အရသာစည်းစည်းပိုင်ပိုင်ရှိပြီး ရှမ်းစာစစ်စစ်ရဲ့ taste ကိုရတယ်လို့ဆိုရပါမယ်။ ဘာပဲပြောပြော တစ်ပွဲ ၂၂၀၀ နဲ့တန်တဲ့ဈေးနဲ့ အရသာရှိတဲ့ ဟင်းပွဲပဲဖြစ်ပါတယ်။

ဆိုင်မှာ ရှမ်းအစားအစာ အတော်လေးစုံစုံလင်လင်ရရှိပြီး ရှမ်းစာကိုမှ ရွေးချယ်စားသုံးမယ်ဆိုတဲ့သူတွေအတွက်တော့ သွားသင့်တဲ့ ဆိုင်လေးဖြစ်တယ်လို့ လမ်းညွှန်ပေးချင်ပါတယ်။