ရန်ကုန်က လူကြိုက်များတဲ့ မန္တလေးမြီးရှည်ဆိုင်

ဒီပိတ်ရက်မှာ ဘာစားရကောင်းမလဲတွေးနေရင်းနဲ့ နံနက်စာကောင်းကောင်းအတွက် ဆိုင်လေးတစ်ဆိုင်သွားတွေ့မိတယ်။ တစ်ပတ်မှ စနေ၊ တနင်္ဂနွေ (၂) ရက်သာဖွင့်တဲ့ ဘောက်ထော်က 89 Mandalay Mee-Shay ဆိုင်ကို ရောက်ဖြစ်ခဲ့တယ်။

ဆိုင်ကို အိပ်ထီနိုင်းလို့ခေါ်ပြီး ဖွင့်တဲ့နေ့ဆိုတာနဲ့ စားသုံးသူတွေအများကြီး ရောက်ရောက်လာလေ့ရှိတဲ့ ဆိုင်ပါ။ ဆိုင်ကို ရောက်ရောက်ခြင်းမှာ ဘာမှအထွေအထူးစဉ်းစားမနေတော့ပဲ မန္တလေးမြီးရှည် ပွဲသေးတစ်ပွဲမှာစားဖြစ်ခဲ့တယ်။ အစားအသောက်တွေကို အချိုမှုန့်လုံးဝမသုံးတာကြောင့် စားရတာပေါ့သယောင်ယောင်ရှိပေမယ့် အရသာကောင်းတယ်။ ၀က်ခေါက်လည်းပါလို့ ပွဲသေးတစ်ပွဲနဲ့တင် ဗိုက်ကတော်တော်လေးဝသွားတယ်။ အရမ်းကြီး ထူးခြားတဲ့အရသာမျိုးတော့မရှိဘူး။ ဒါပေမယ့် မန္တလေးမြီးရှည်စစ်စစ်ကိုမှ စားချင်တဲ့သူတွေအတွက်တော့ ဒီဆိုင်ကို လူကြိုက်များကြတယ်။

မန္တလေးမြီးရှည်
မန္တလေးမြီးရှည်

ဆိုင်ကတိုက်တဲ့ ရေနွေးကြမ်းမွေးမွေးလေးကလည်း သောက်လို့ကောင်းတယ်။ ဆိုင်မှာ တခြား ထူးထူးဆန်းဆန်းအစားအသောက်တွေလည်းရပြီး ကျွန်တော်ကတော့ မန္တလေးမြီးရှည်တစ်မျိုးထဲ စားဖြစ်ခဲ့တယ်။ စားဖို့ထိုင်စောင့်နေတဲ့သူတစ်ချို့ကြောင့်လည်း အားနာနာနဲ့ ခပ်မြန်မြန်လေးစားခဲ့ရတာကြောင့် တခြားအစားအသောက်တွေကို မ try ဖြစ်ခဲ့ဘူး။

အခမဲ့ချပေးတဲ့ အချိုပွဲ
အခမဲ့ချပေးတဲ့ အချိုပွဲ

ဆိုင်ရဲ့ အားနည်းချက်က မရောက်ဖူးတဲ့သူတွေအတွက် ဆိုင်နေရာရောက်ဖို့ အတော်လေးရှာယူရတယ်။ ရောက်သွားပြီဆိုရင်လည်း နေရာအခက်အခဲကရှိတယ်။ ဆိုင်ရှင်တွေကိုယ်တိုင် ရောင်းချပေးပြီး ဆက်ဆံရေးအဆင်ပြေတာတစ်ခုကတော့ အမှတ်ပေးရမယ့် ဆိုင်လေးတစ်ဆိုင်ပါ။

warmae.com logoView details of the store in warmae.com

89 Mandalay Mee-Shay

Address:
1(8), Damaryone Street, Bouk Htaw, Yankin Township
Hours:
8:00 - 14:00
Tel:
09797637497