မြောက်ဒဂုံက ရှမ်းရိုးရာအစားစာနှင့် ဟော့ပေါ့ဆိုင်

မြောက်ဒဂုံနဲ့ အနီးနားတစ်ဝိုက်က မိတ်ဆွေတွေ ရှမ်းရိုးရာအစားစာကောင်းကောင်းနဲ့
ဟော့ပေါ့ကောင်းကောင်းလေး စားချင်တယ်ဆိုရင် မြို့ထဲထိတကူးတက သွားနေစရာမလိုတော့ပါဘူး။
အစားအသောက်ကောင်းကောင်းနဲ့ စုံစုံလင်လင်ရတဲ့ ဆိုင်သစ်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

မြောက်ဒဂုံ ၇/၈ လမ်းဆုံမီးပွိုင့်နားက လွိုင်ဆွမ် ရှမ်းရိုးရာအစားအစာနှင့် ဟော့ပေါ့ဆိုင်သစ်က ဖွင့်ထားတာသိပ်မကြာသေးပါဘူး။ ဟော့ပေါ့စားချင်တယ်ဆိုရင်တော့ ရိုးရိုးပုံမှန်စားနေကြ ဟော့ပေါ့နဲ့ လွိုင်ဆွမ်ဟော့ပေါ့ဆိုပြီး (၂) မျိုးရနိုင်ပါတယ်။ ထူးထူးခြားခြားလေးဖြစ်အောင်တခါမှ မစားဖူးတဲ့ လွိုင်ဆွမ်ဟော့ပေါ့ရဲ့ အရသာလေးကို try ကြည့်ခဲ့တယ်။ ဟော့ပေါ့ဟင်းရည်မှာ တရုတ်ဆီးသီး၊ ခရမ်းချဉ်စေ့လေးတွေပါတာကဒီဟော့ပေါ့ရဲ့ ထူးခြားမှုတစ်ခုပါ။ နောက်တစ်ခုက ကိုယ်ကြိုက်တဲ့အရသာရအောင် စိတ်ကြိုက်စပ်စားလို့ရတဲ့ ရှမ်းချဉ်လေးကလည်း အရသာတစ်မျိုးရှိပါတယ်။

လွိုင်ဆွမ်ဟော့ပေါ့
လွိုင်ဆွမ်ဟော့ပေါ့
စိတ်ကြိုက်ဖျော်စပ်နိုင်သည့်အချဉ်
စိတ်ကြိုက်ဖျော်စပ်နိုင်သည့်အချဉ်

လူကြိုက်များတဲ့ဟာနောက်တစ်ခုက အာလူးမာလာပါ။ မာလာဟင်းအရသာကြိုက်တတ်တဲ့သူဆိုရင်တော့ စားရတာအဆင်ပြေပါတယ်။ရှမ်းအစားအသောက်ဆိုင်ဖြစ်တာကြောင့် ရှမ်းစာကတော့ အစုံအလင်ရပါတယ်။ ရှမ်းပဲပုတ်ထမင်းကြော်၊ ရှမ်းခေါက်ဆွဲ၊ ဆန်စီး၊ တိုဟူးနွေး၊ ရှမ်းထမင်းချဉ်၊ရှမ်းရိုးရာစကောထမင်းဝိုင်းစတဲ့ ရှမ်းစာတွေလည်း စားလို့ရပါတယ်။

အာလူးမာလာ
အာလူးမာလာ

ဒီဆိုင်မှာ တစ်ခါစားဖူးပြီး အရသာကိုသဘောကျလို့ Lunch Box ထမင်းဘူးမှာချင်တယ်ဆိုရင်လည်းရနိုင်ပါတယ်။ ကိုယ်စားချင်တဲ့ အသားဟင်းနဲ့ အသီးအရွက်ကြော်တွေရွေးချယ်နိုင်ပြီး (၁၀) ဘူးနဲ့အထက်မှာယူမယ်ဆိုရင် အရောက်ပို့ပေးတယ်လို့ သိရပါတယ်။

ဆိုင်အတွင်းပိုင်း
ဆိုင်အတွင်းပိုင်း

warmae.com logoView details of the store in warmae.com

Loai Swam Hot Pot

Address:
No.102/4, Pyitaungsu Road, 7/8 junction, North Dagon
Hours:
9:00 - 22:00
Tel:
09775537395

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။