အေးအေးဆေးဆေး ကော်ဖီသောက်လိုသူတိုင်းအတွက်

မြို့ထဲကိုရောက်ဖြစ်တိုင်း ဖြတ်သွားနေကျနေရာလေးမှာရှိတဲ့ ဒီဆိုင်လေးကို
သတိထားမိခဲ့တာကြာပြီ။ ဆိုင်အပြင်အဆင်လေးနဲ့ ပုံစံလေးက သဘောကျစရာကောင်းတယ်။

Craft Cafe ဆိုင်အတွင်းပိုင်း

ဆိုင်ကိုရောက်တာနဲ့ မင်္ဂလာပါနှုတ်ဆက်ပြီး ဖော်ဖော်ရွေရွေရှိတဲ့ဝန်ထမ်းတွေရဲ့
ဆက်ဆံရေး ပြေပြစ်မှုက မဖြစ်မနေအမှတ်ပေးရမယ့် အချက်တစ်ခုပါ။
ဆိုင်ကောင်တာပေါ်ရောက်ပြီး ရွေးချယ်စရာ အများကြီးရှိတဲ့ Gourment Coffee & Tea ၊
Beverage Menu မျိုးစုံရှိတာကတော့ဆိုင်ရဲ့ အားသာချက်တစ်ခုပါ။

Craft Cafe
Craft Burger

ကော်ဖီဆိုင်မှာ အပေါ်ထပ်နဲ့ အောက်ထပ် နှစ်နေရာရှိပြီး လူရှင်းတဲ့နေရာကို စိတ်ကြိုက်ရွေးထိုင်နိုင်ပါတယ်။ ဆိုင်မှာ ဆူညံမှုသိပ်မရှိပဲ တိတ်ဆိတ်တဲ့အတွက် အေးအေးဆေးဆေး ကော်ဖီသောက်ရင်း အလုပ်လုပ်လိုသူတိုင်းအတွက်မဖြစ်မနေသွားကြည့်သင့်တယ်လို့ပြောချင်ပါတယ်။ Free Wifi လည်းရှိတယ်ဆိုတော့ သာသာယာယာပဲ။

ပေါ့ပေါ့ပါးပါးပဲ စားချင်တဲ့သူတွေအတွက်လည်း ကော်ဖီ၊ Milk Shake ၊ အအေးမျိုးစုံရှိတယ်။
ဗိုက်ပြည့်အောင်စားမယ့်သူတွေအတွက်လည်း ဘာဂါ၊ ကြက်ကြော်တွေလည်းရပါတယ်။

နောက်တစ်ခုလက်တို့ပြီး ပြောပြလိုတာက ချစ်သူစုံတွဲတွေသွားမယ်ဆိုရင်လည်း ဆိုင်က တိတ်ဆိတ်တဲ့အတွက် တီးတိုးစကားတွေပြောလို့ အဆင်ပြေပါတယ်။

ကြက်ကြော်

ဒီဆိုင်မှာရှိတဲ့ အစားအသောက်တွေရဲ့ အရသာနဲ့ ဆိုင်အနေအထားကို
အထူးသဖြင့် နိုင်ငံခြားသားတွေ အတော်လေးနှစ်ချိုက်ကြတာကိုတွေ့ရပါတယ်။

ကော်ဖီတစ်ခွက်ကို အေးအေးဆေးဆေး အရသာခံ သောက်ချင်တယ်ဆိုရင်တော့ Craft ကိုတစ်ခေါက်လောက်သွားကြည့်ဖို့ အကြံပြုလိုပါတယ်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။