အကောင်းစား ထိုင်းအစားအစာများရနိုင်တဲ့ 2017 BEST THAI ဆုရဆိုင်

အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ အစားအစာတွေက မြန်မာပါးစပ်နဲ့ သိပ်မစိမ်းတဲ့အစားအစာလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ချဉ်ချဉ်၊ စပ်စပ်အရသာပိုကဲထားတဲ့ ထိုင်းရိုးရာအစားအစာတွေကို တော်တော်များများ ကြိုက်ကြတယ်။ ဒီတစ်ပတ်မှာ ထိုင်းစာဖိုမှုးတွေကိုယ်တိုင် ချက်ပြုတ်ရောင်းချနေတဲ့ ထိုင်းစာစစ်စစ်ဆိုင်တစ်ဆိုင်အကြောင်း ပြောပြချင်တယ်။

ဝက်ဂုတ်သားကင်
ဝက်ဂုတ်သားကင်
ကက္ကတစ်ငါးကြွပ်ကြော်
ကက္ကတစ်ငါးကြွပ်ကြော်

Royal Jasmine Authentic Thai Cuisine ဆိုတဲ့ဆိုင်က 2017 BEST THAI ဆုရခဲ့တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ကုန်ကြမ်းပစ္စည်းအားလုံးကို ready made မသုံးပဲ ကိုယ်တိုင်ပြုလုပ်ထားတာဖြစ်တဲ့အတွက် ဟင်းပွဲတချို့က ဈေးတော့ နည်းနည်းလေးမြင့်ပါတယ်။ ဒါပေမယ့် စားပြီးတဲ့သူတိုင်းက ပေးရတဲ့ဈေးနဲ့တန်တဲ့ အရသာနဲ့ဝန်ဆောင်မှုရတယ်လို့ မှတ်ချက်ပြုခြင်းခံရတဲ့ဆိုင်ပါ။

ဆိုင်အတွင်းပိုင်း
ဆိုင်အတွင်းပိုင်း

ထိုင်းအစားအစာတွေအပြင် ဒီဆိုင်မှာ စားလို့ကောင်းတာက သဘာဝအသီးစစ်စစ်နဲ့ ပြုလုပ်ထားတဲ့
Squeeze Juice၊ Mix Squeeze Fruit Juice နဲ့ Thai drink တွေကလည်း ဆိုင်တိုင်းမှာမရနိုင်ပါဘူး။အဓိကဟင်းပွဲတွေအပြီးမှာ စားလို့ရတဲ့ Khao Knyo Sangkaya၊ Lod Chong ဆိုတဲ့ ထိုင်း dessert တွေလည်း စားလို့ရနိုင်ပါတယ်။

 

warmae.com logoView details of the store in warmae.com

Royal Jasmine Authentic Thai Cuisine

Address:
SOHO Diamond condo Tower E ground floor 113, 115, 117 Pyay Road & Narnattaw Road
Hours:
11:00 - 22:00
Tel:
09964496365

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။