အစားအသောက်ပုံ လှလှလေးတွေရိုက်ကြမယ်

စားသောက်ဆိုင်တစ်ဆိုင်တစ်ဆိုင်ကိုသွားတဲ့အခါမှာ အစားအသောက်ပုံကို ဓာတ်ပုံရိုက်လေ့ရှိကြပါတယ်။ ကိုယ်လိုချင်တဲ့ပုံရဲ့ Quality က Heavy ကြီးမဟုတ်ရင် ကင်မရာအကောင်းစားကြီးရှိဖို့ မလိုပါဘူး။

ကိုယ်ရိုက်တဲ့ အစားအသောက်ပုံလေးဟာ စားချင်စဖွယ်ဖြစ်အောင် ကိုယ့်ရဲ့ လက်ကိုင်ဖုန်းနဲ့တင် ရိုက်လို့အဆင်ပြေပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ သိထားသင့်တဲ့အချက်တချို့ကို မျှဝေပေးလိုက်ပါတယ်။

Natural light နဲ့ရိုက်ပါ အစားအသောက်ပုံတစ်ခုကိုရိုက်မယ်ဆိုရင် သဘာဝအလင်းရောင်ကိုပဲ အဓိကအားပြုပြီးရိုက်ပါ။ ဖုန်းမှာပါတဲ့ flash က အစားအသောက်ပုံရဲ့ အနှစ်သာရကိုလျော့ကျစေနိုင်ပါတယ်။ အရမ်းမှောင်တဲ့အခြေအနေကလွဲရင် တတ်နိုင်သမျှ မသုံးတာကောင်းပါတယ်။

ရှုထောင့်မျိုးစုံကရိုက်ပါ သဘာဝအလင်းရောင်ကိုအသားပေးပြီး ကိုယ်လိုချင်တဲ့ ရှုထောင့်မျိုးစုံကနေရိုက်ကြည့်ပါ။ ပုံတစ်ပုံချင်းစီမှာ မတူညီတဲ့ အနေအထားနဲ့ ပုံစံတွေရှိပြီး ကိုယ်လိုချင်တဲ့အကောင်းဆုံးပုံကို ပြန်ရွေးယူနိုင်အောင် ရှုထောင့်မျိုးစုံကနေ ရိုက်ကြည့်သင့်ပါတယ်။

Focus လုပ်မယ့်နေရာကိုရွေးချယ်ပါ ဓာတ်ပုံတစ်ပုံရဲ့ အဓိကအသက်ဖြစ်တဲ့ Focus ကိုရွေးချယ်တတ်ဖို့လိုပါတယ်။ ကိုယ်ရိုက်မယ့်ပုံရဲ့ ဘယ်နေရာကို Focus ထားချင်လဲဆိုတာကို ရွေးချယ်ပါ။

Zoom မသုံးပဲအနီးအဝေးကို ချိန်ညှိုရိုက်ပါ ကိုယ်ရိုက်ပြီးသားပုံကို စိတ်ကြိုက်ဖြစ်အောင် နှစ်သက်ရာ Software သုံးပြီး အလင်းအမှောင်ပြန် ချိန်လို့ရပါတယ်။ ဒါဆို ကိုယ်လိုချင်တဲ့ အစားအသောက်ပုံလှလှလေးရပြီပေါ့ …

warmae.com logoView details of the store in warmae.com