အကင်မျိုးစုံနဲ့ မြေအိုးဟော့ပေါ့စားလို့ရမယ့်ဆိုင်

ရန်ကုန်မြေနီကုန်းအနီးမှာရှိတဲ့ ပြည်သူ့ရင်ပြင်ထဲက Pauk Kan Food Court ဟာ
နေရာထိုင်ခင်ကျယ်ဝန်းပြီး ကိုယ်နှစ်သက်ရာ အစားအသောက်မျိုးစုံကို တစ်နေရာထဲမှာ စုစုစည်းစည်းရနိုင်မယ့်နေရာလေးပဲဖြစ်ပါတယ်။ စားစရာ အမျိုးအစား ၃၀၀ ကျော်ရှိတဲ့ Pauk Kan Food Court ထဲက စိတ်ဝင်စားစရာကောင်းတဲ့ ဟင်းပွဲလေးတွေရနိုင်တဲ့ စည်းစိမ်ဆိုတဲ့ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အရင်ဆုံးစားဖြစ်ခဲ့တာက Moo Ping လို့ခေါ်တဲ့ ဝက်သားပြားကင်ပါ။
အရသာချိုချိုဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။ အဆီဓာတ်နည်းနည်းပါလို့
စားရင်းနဲ့ အီဆိမ့်လာပါတယ်။ နောက်တစ်မျိုးက ကြက်သား Kaai Yun ပါ။
ဒါကတော့ အသားတော်တော်များပါပြီး လူတိုင်းအကြိုက်တွေ့နိုင်တဲ့ အရသာရှိပါတယ်။

Moo Ping ၀က်သားပြားကင်
Moo Ping ၀က်သားပြားကင်
 ကြက်သား Kaai Yun
ကြက်သား Kaai Yun

ဆိုက်ကော်ဆိုတဲ့ အသားလုံးပေါင်းကတော့ အချဉ်ဓာတ်လေးနည်းနည်းပိုကဲထားတယ်။
ရိုးရိုးစားနေကျ အသားကင်၊ ထိုင်းကင်တွေနဲ့အရသာကတော့ လုံးဝမတူပါဘူး။
အသားကင်တွေကို ဘန်ကောက်ကနေ တိုက်ရိုက်မှာပြီး ရောင်းတာလို့ သိရပါတယ်။

ဆိုက်ကော် အသားလုံးပေါင်း
ဆိုက်ကော် အသားလုံးပေါင်း

စားရတာ ခံတွင်းတွေ့မိတဲ့နောက်တစ်ခုက Jim Jum Clay Hot Pot ပါ။
Hot Pot မှာမယ်ဆိုရင် ကိုယ်ဘယ်လိုအရသာမျိုးနဲ့စားချင်တယ်၊ ဘာအသားနဲ့စားချင်တယ်ဆိုတာကို
စိတ်တိုင်းကျ မှာယူလို့ရပါတယ်။ တစ်ပွဲကို ၆၀၀၀ ကျပ်ဖြစ်ပြီး ၂ ယောက်လောက်တော့ အေးဆေးစားလို့ရပါတယ်။ Hot Pot ထဲမှာပါတဲ့ အမဲသားရဲ့ အရသာကတော့ မဖြစ်မနေ recommendေးပရမယ့်အထဲပါပါတယ်။ မီးဖိုမပါတဲ့အတွက် စားရတာလွတ်လွတ်လပ်လပ်ရှိပါတယ်။ အရည်ခဏလေးအေးသွားဖို့အတွက်တော့စိတ်ပူစရာမလိုပါဘူး။ မြေအိုးအဖုံးလေးသာ လုံအောင်အုပ်ထားရင် အပူကြာကြာခံပါတယ်။ အေးအေးဆေးအေးနဲ့ ကျယ်ကျယ်ဝန်းဝန်းစားချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို ညွှန်းချင်ပါတယ်။

Jim Jum Clay Hot Pot
Jim Jum Clay Hot Pot

warmae.com logoView details of the store in warmae.com

See Sain Restaurant

Address:
Pauk Kan Food Court, People Park.
Hours:
13:00 - 22:00
Tel:
09455722162

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။