သန်ရှင်းတဲ့ မြန်မာ့ရိုးရာမုန့်တွေစားရင်း ကော်ဖီသောက်မယ်

ဗိုလ်တထောင်မှာ စားသောက်ဆိုင်ကောင်းကောင်းတွေ တော်တော်များများရှိတဲ့အထဲက
ဖွင့်ထားတာ သိပ်မကြာသေးတဲ့ ကော်ဖီဆိုင်လေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။
ဆိုင်အပြင်အဆင်လေးနဲ့ သန့်ရှင်းသပ်ရပ်မှုက ၀င်ဝင်သွားချင်းမှာပဲ စိတ်ကျေနပ်မှုကိုရစေပါတယ်။

ဆိုင်အတွင်းပိုင်းနေရာ
ဆိုင်အတွင်းပိုင်းနေရာ

ဆိုင်မှာ Worldwide Coffee ကော်ဖီအမျိုးအစားအစုံရနိုင်တာကြောင့် ကော်ဖီခရေဇီတွေအတွက် ရွေးချယ်စရာအများကြီးရှိတာပေါ့။ ကော်ဖီသောက်ရင်း အေးအေးဆေးဆေး စာဖတ်မယ်၊ စကားပြောပြီး relax လုပ်ဖို့ အသင့်တော်ဆုံးလို့ သွားဘူးတဲ့သူတိုင်း highly recommend ပေးထားတဲ့ ကော်ဖီဆိုင်တစ်ခုပါ။

ဆိုင်အတွင်းပိုင်းနေရာ
ဆိုင်အတွင်းပိုင်းနေရာ

ဒီဆိုင်ရဲ့ အထူးခြားဆုံးအချက်ကတော့ ကော်ဖီဆိုင်တိုင်းမှာ မရနိုင်တဲ့ မြန်မာမုန့်မျိုးစုံရနိုင်တာပါ။
ဆနွင်းမကင်း၊ ရေမုန့်၊ လမ်းသရဲမုန့်၊ ဘိန်းမုန့်စတဲ့ မြန်မာမုန့်တွေအပြင် လဖက်သုပ်၊ ဂျင်းသုပ်တို့လို မြန်မာ့ရိုးရာအစားအစာတွေပါရနိုင်တဲ့ ထူးထူးခြားခြားကော်ဖီဆိုင်လေးပါ။ နိုင်ငံရပ်ခြားကလာတဲ့ ကိုယ့်ရဲ့ တိုင်းတပါးကမိတ်ဆွေတစ်ယောက်ယောက်က မြန်မာမုန့်အရသာလေးမြည်းစမ်းကြည့်ချင်တယ်လို့ပြောလာရင်တော့ ဒီဆိုင်ကိုသာ လက်ဆွဲခေါ်လာဖို့ အကောင်းဆုံးဖြစ်မှာပါ။

ဂျင်းသုပ်

ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဆေးဖက်ဝင် မြန်မာ့ရိုးရာအစားအစာ ဂျင်းသုပ်ကလည်း ဒီဆိုင်ရဲ့ နာမည်ကြီးပါ။ ကိုလက်စထရောကိုလျော့ကျစေနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်ခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးတဲ့ ဂျင်းသုပ်က ဒီရာသီဥတုနဲ့ လိုက်ဖက်တဲ့အစားအစာပါ။

ဘိန်းမုန့်
ဘိန်းမုန့်

တစ်ယောက်ထဲကော်ဖီလာသောက် မုန့်စားရင်လည်း အထီးကျန်နေဖို့တော့ မရှိပါဘူး။ ဆိုင်မှာထားပေးထားတဲ့ စာအုပ်စင်ထဲမှာဆရာဇော်ဂျီ၊ ပုညခင်ကစပြီး Dan Brown တို့ရဲ့ နာမည်ကြီး မြန်မာ၊ အင်္ဂလိပ်စာအုပ်မျိုးစုံရှိပါတယ်။ ဆိုင်ရဲ့ မြန်မာ့ရိုးရာမုန့်တွေက တခြားရောင်းတန်းနဲ့ယှဉ်ရင်တော့ ဈေးများတယ်လို့ ဆိုနိုင်ပေမယ့် သန့်ရှင်းသပ်ရပ်မှုနဲ့အပြင်အဆင်ပုံစံပါထည့်တွက်ရင်တော့ သင့်တင့်မျှတမှုရှိတယ်လို့ ဆိုရမှာပါ။ ဆိုင်ကိုသွားဖြစ်မယ်ဆိုရင် မဖြစ်မနေလုပ်ခဲ့သင့်တာက ဓာတ်ပုံရိုက်ခဲ့ဖို့ပါ။

ဆိုင်တွင်ထားပေးထားသည့် စာအုပ်စင်
ဆိုင်တွင်ထားပေးထားသည့် စာအုပ်စင်

warmae.com logoView details of the store in warmae.com

Café Salween

Address:
G15, Urban Asia Center, Mahabandula Road (Between 47th and 48th Street)
Hours:
10:00 - 21:00
Tel:
09425830657

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။