ရန်ကုန်မှာ ရှမ်းခေါက်ဆွဲကောင်းကောင်းစားကြမယ်

မြန်မာ့ရိုးရာအစားအစာတွေထဲက ထိပ်တန်းအဆင့်မှာရှိတဲ့ အစားအသောက်တစ်မျိုးကတော့
ရှမ်းခေါက်ဆွဲပါ။ လူကြိုက်များပြီး အရသာရှိလှတဲ့ ရှမ်းခေါက်ဆွဲကို မြန်မာနိုင်ငံအနှံ့မှာ ကွဲပြားခြားနားတဲ့အရသာအမျိုးမျိုးနဲ့ ပြုလုပ်စားသောက်လေ့ရှိကြပါတယ်။ ရှမ်းပြည်နယ်က ရှမ်းခေါက်ဆွဲကတော့
အကောင်းဆုံးဖြစ်မှာပေါ့။

Shan Noodle

ရန်ကုန်မှာ ရှမ်းခေါက်ဆွဲကောင်းကောင်းစားချင်တယ်ဆိုရင်တော့ 
န၀ဒေးလမ်းနဲ့ ဗိုလ်ရာညွှန့်လမ်းထောင့်မှာရှိတဲ့ အောင်မင်္ဂလာ ရှမ်းခေါက်ဆွဲဆိုင်ကို ညွှန်းပါရစေ။
ဒီဆိုင်ကတော့ လူသိများပြီးသားဖြစ်ပါလိမ့်မယ်။ ရှမ်းခေါက်ဆွဲအပြင် ရှမ်းအစားအစာတွေဖြစ်တဲ့
တို့ဟူးကြော်၊ တို့ဟူးနွေး၊ နံရိုးဆီချက်၊ ဆန်ပြား၊ အမဲလုံးစွတ်ပြုတ်၊ ကြက်ပေါင်းလည်း ရပါတယ်။

ခေါက်ဆွဲရဲ့ အရည်အသွေးကောင်းတာကြောင့် စားရတာ စည်းစည်းပိုင်ပိုင်ရှိလှပါတယ်။ အချဉ်ကလည်း လူတိုင်းသဘောကျမယ့် အရသာလို့ မြင်မိပါတယ်။

 

ရှမ်းစာများနှင့်အတူ အခြားတွဲဖက်ပြီး စားသောက်နိုင်မယ့် အအေးမျိုးစုံအပြင် ဘီယာလည်းရတာကြောင့်တစ်ခေါက်လောက်သွားစားကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

ဆိုင်လိပ်စာကတော့ အမှတ် (၃၄) ၊ ဗိုလ်ရာညွှန့်လမ်းနှင့် န၀ဒေးလမ်းထောင့်၊ ယောမင်းကြီးရပ်ကွက်၊
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။