တုံယမ်းကြေးအိုးနဲ့ ၊ ကြေးအိုးချဉ်စပ်သောက်ကြမယ်

ဆောင်းရာသီဆိုတာ တခါတလေမှာ နေရတာ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်တတ်တယ်။ ဒီအချိန်မှာ ဗိုက်ကလည်းဆာလာပြီဆိုရင်တော့ ပူပူစပ်စပ်လေးစားလိုက်ရရင်ကောင်းမှာပဲလို့ တွေးမိနေတဲ့သူတွေအတွက် ကြေးအိုးချဉ်စပ်နဲ့၊ တုံယမ်းကြေးအိုးစားလို့ရနိုင်မယ့် ဆိုင်လေးတစ်ဆိုင်အကြောင်း ပြောပြချင်ပါတယ်။

ဆိုင်ကတော့ ကြေးအိုးနယ်မြေလို့ခေါ်ရမယ့် ရွှေတောင်တန်းလမ်းက QQ ဆိုတဲ့ကြေးအိုးဆိုင်ပါ။ဆိုင်မှာ Spicy ကြေးအိုး၊ Tom Yun ကြေးအိုး၊ Thai Style ကြေးအိုးဆိုပြီး အမျိုးစားစုံရပါတယ်။ပုံမှန်စားနေကျကြေးအိုးတွေလိုမဟုတ်ပဲ ချဉ်ချဉ်စပ်စပ်အရသာရှိတဲ့အတွက် ရှူးရှူးရှဲရှဲနဲ့ စားရတာကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပဲ။ Spicy ကြေးအိုးမှာ ပန်းပွင့်၊ ကြွက်နားရွက်မှို၊ ပြောင်းဖူးဂေါ်ရခါးသီး နဲ့ မှုန်ညှင်းစိမ်းတို့အစုံပါပါတယ်။ အူကလီစာမသုံးပဲ အသားချည်းသီးသန့်သုံးထားတာကိုတွေ့ရပါတယ်။

Spicy ကြေးအိုး
Spicy ကြေးအိုး

ကြေးအိုးဈေးနှုန်းတွေကတော့
Spicy ကြေးအိုး – ၂၅၀၀ ကျပ် (Sea Food – ၃၂၀၀ ကျပ်)
Tom Yum ကြေးအိုး – ၂၈၀၀ ကျပ် (Sea Food – ၃၅၀၀ ကျပ်) ဖြစ်ပါတယ်။

QQ Restaurant
QQ Restaurant

ကြေးအိုး ချဉ်စပ်စားပြီး အချိုလေးပြန်မြည်းချင်တယ်ဆိုရင်တော့
သီးစုံရေခဲခြစ်လေးထပ်စားလို့ရနိုင်ပါသေးတယ်။ အချိုအရသာအသီးစုံပါပြီး
နှစ်ယောက်လောက် အသာလေးစားလို့ရတဲ့အတွက် ၁၅၀၀ နဲ့တန်တယ်လို့ဆိုရပါမယ်။

သီးစုံရေခဲခြစ်
သီးစုံရေခဲခြစ်

 

warmae.com logoView details of the store in warmae.com

QQ Restaurant

Address:
Shwe Taung Tan Street. (Between 14 St and !5 St)
Hours:
9:00 - 21:30
Tel:
095401196