တရုတ်အစားအစာများနဲ့ ယူနန်ဟင်းလျာကောင်းကောင်းစားချင်တယ်ဆိုရင်

မြန်မာလူမျိုးတော်တော်များများစားသောက်ဖြစ်ကြတဲ့ ထိပ်တန်းဟင်းပွဲတွေထဲမှာတရုတ်အစားအစာတော်တော်များများလည်းပါဝင်ပါတယ်။ ဒီတစ်ပတ်မှာတော့တရုတ်အစားစာနဲ့ ယူနန်ဟင်းလျာကောင်းကောင်းစားလို့ရတဲ့ဆိုင်အသစ်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဗဟိုလမ်း၊ အုတ်ကျင်းဘူတာနားမှာရှိတဲ့ Yunnan Kitchen ဆိုတဲ့ဆိုင်လေးပါ။ ဆိုင်က အရမ်းကြီးမကြီးပေမယ့် ဆိုင်အပြင်အဆင်သပ်ရပ်သန့်ရှင်းပြီး အပေါ်ထပ်၊ အောက်ထပ် ၂ ထပ်ရှိပါတယ်။ အစားအသောက်တွေကတော့ အတော်လေးစုံစုံလင်လင်ရနိုင်ပါတယ်။

ကြက်ဥစပယ်ရှယ်
ကြက်ဥစပယ်ရှယ်

အရင်ဆုံးပြောပြချင်တာက ဒီဆိုင်မှာရတဲ့ ကြက်ဥစပယ်ရှယ်ဟင်းပွဲပါ။ ကြက်မွှေကြော်အကြီးကြီးထဲမှာ ပုစွန်၊ ငါးဖယ်၊ ကြက်အသဲအမြစ်တို့ကို ထည့်ကြော်ထားပြီးစားနေကျဟင်းတွေနဲ့မတူတဲ့ အရသာကိုခံစားရပါတယ်။ အရသာအသစ်အဆန်းစားလိုတဲ့သူဆိုရင်တော့စားကြည့်သင့်တယ်။ အများကြီးပါလို့ အနည်းဆုံး ၂ ယောက်လောက်တော့ အေးဆေးစားလို့ရပါတယ်။ ဈေးကတော့ တစ်ပွဲကို ၆၀၀၀ ပါ။

ငါးကြင်းမြီးပဲပုတ်
ငါးကြင်းမြီးပဲပုတ်

နောက်ထပ်လူကြိုက်များတဲ့ ဟင်းပွဲကတော့ ငါးကြင်းမြီးပဲပုတ်ပါ။ ရှမ်းစာရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့
ပဲပုတ်ကို ငါးကြင်းအမြီးပိုင်းနဲ့ တွဲပြီးစီမံပြုလုပ်ထားတာပါ။ အခြားထူးထူးဆန်းဆန်းပါဝင်ပစ္စည်းတွေ
သိပ်မပါပေမယ့် ပဲပုတ်နဲ့ ငါးကြင်းအရသာကို အပြည့်အ၀စားသုံးနိုင်မှာဖြစ်ပါတယ်။

ဝက်ခြေထောက်စွပ်ပြုတ်
ဝက်ခြေထောက်စွပ်ပြုတ်

အရည်ဟင်းစားသုံးချင်တဲ့သူတွေအတွက်တော့ နူးအိနေတဲ့ ၀က်ခြေထောက်စွပ်ပြုတ်ကို ညွှန်းချင်ပါတယ်။ ၀က်ခြေထောက်စွပ်ပြုတ်မစားချင်ဘူးဆိုရင်တော့ ယူနန်ဟင်းရည် မှာစားလို့ရပါတယ်။ တခြားတွဲဘက်အစားအသောက်အစုံလည်းရနိုင်တာမို့ အစားတစ်လိုင်းဘော်ဒါတွေ တစ်ခါလောက်သွားကြည့်၊ စားကြည့်ကြပါဦး ။

warmae.com logoView details of the store in warmae.com

Yunan Kitchen

Address:
Corner of Baho Raod and Thida Street, Hlaing Township
Hours:
10:00 - 21:00
Tel:
09424533336