ပေါ့ပေါ့ပါးပါးဖြစ်တဲ့ Street Foods စားရတာကြိုက်တယ်ဆိုရင်တော့ ဆိပ်ကမ်းသာလမ်းထဲက နိုင်ဇော်ထမင်းပေါင်းဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဆိုင်ကတော့ ဆိပ်ကမ်းသာလမ်းထိပ်နားလေးမှာရှိပြီး ကြက်သား၊ ၀က်သား၊ ဘဲသားကို အကင်အသုပ်ရောင်းပါတယ်။ ၀က်နံရိုးကင်၊ ၀က်ခေါင်းသုပ်၊ ၀က်လက်စွပ်ပြုတ် တို့ပါရတယ်ဆိုတော့ တော်တော်လေးစုံတယ်လို့ ပြောရမယ်။ ထမင်းဖြုနဲ့အသုပ်စားမလား၊ထမင်းပေါင်းပဲစားမလား တစ်ပွဲဆိုရင်တောင် ဗိုက်ပြည့်ပါတယ်။


တကူးတကကြီးသွားစားရတာမျိုးမဟုတ်ပဲ လမ်းကြုံလို့၊ ဗိုက်ဆာလို့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းချင်တဲ့
မိတ်ဆွေတွေအတွက်တော့ ဒီဆိုင်လေးက မဆိုးပါဘူး။
