စီလုံတီးသောက်ချင်တယ်ဆိုရင်

လဘက်ရည် တစ်ခွက်သောက်လိုက်ရမှ နေသာထိုင်သာရှိတယ်ဆိုတဲ့
မိတ်ဆွေများအတွက် ထူးထူးခြားခြား Tea House လေးတစ်ဆိုင်နဲ့
မိတ်ဆက်ပေးချင်ပါတယ်။ 

စီလုံတီး

ဆိုင်နာမည်ကတော့ Ahlone Tea House ပါ။
ဆိုင်ကိုသွားဖြစ်ရင် မဖြစ်မနေ try ကြည့်သင့်တာက ဒီဆိုင်ရဲ့ အစားအသောက်တွေအားလုံးထဲက လူကြိုက်အများဆုံးစီလုံတီး ပါ။ မလိုင်အပြည့်နဲ့ စီလုံတီး လဘက်ရည်တစ်ခွက်ကအတော်လေးကို အရသာရှိလှပါတယ်။ လဘက်ရည်ကိုအရသာခံသောက်တတ်တဲ့သူတွေအတွက် တကယ်အကြိုက်တွေ့မယ်လို့ မြင်မိပါတယ်။

မေမြို့ကော်ဖီ

နောက်ထပ်ထူးထူးခြားခြားရနိုင်တဲ့ ပြည်တွင်းဖြစ်အစားအစာတစ်ခုက မေမြို့ကော်ဖီပါ။
ကော်ဖီနံ့သင်းသင်းလေးနဲ့ သောက်လို့တကယ်ကောင်းပါတယ်။ မေမြို့ကော်ဖီကောင်းကောင်းတစ်ခွက်သောက်ဖို့မေမြို့အထိသွားနေစရာ မလိုတော့ဘူးပေါ့။

လဘက်ရည်၊ ကော်ဖီအပြင် တရုတ်အစားအစာမျိုးစုံလည်းရပါတယ်။ ၀က်ပုစွန်ပဲကြာဇံသုတ်၊ ပုဇွန်အာလူးလိပ်၊ ပုဇွန်ပါမုန့်လိပ်လို အစားအစာတွေလည်းရပါတယ်။ ဈေးနှုန်းကလည်း သင့်တော်တဲ့အနေအထားနဲ့ ရောင်းချတယ်လို့ ဆိုရပါမယ်။

လဘက်ရည်ပဲသောက်သောက်၊ ကော်ဖီပဲသောက်သောက်၊ ဗိုက်ဝအောင်ပဲစားစား ရွေးချယ်စရာ အစားအသောက်တွေစုံစုံလင်လင်ရနိုင်တဲ့ Ahlone Tea House ကို တစ်ခါလောက်သွားရောက် မြည်းစမ်းကြည့်ပါဦး။

Ahlone Tea House
အလုံတီးဟောက်စ်

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။