ကလောကိုရောက်ရင် မဖြစ်မနေသွားစားရမယ့် ရှမ်းခေါက်ဆွဲဆိုင်

ကလောကိုရောက်တော့ ရှမ်းခေါက်ဆွဲအရမ်းစားချင်နေတာနဲ့ ရှမ်းခေါက်ဆွဲဘယ်မှာကောင်းလဲလို့ ဆိုင်ကယ်ကယ်ရီသမားတွေကိုရော Hotel မှာ အလုပ်လုပ်တဲ့ မြို့ခံတွေကိုရော မေးကြည့်တော့ သူတို့အားလုံးညွှန်းတာကတော့ ပြည့်ပြည့် ရှမ်းခေါက်ဆွဲဆိုင်ပါပဲ… အဲဒါနဲ့ Internet မှာလဲ ရှာကြည့်တော့ ကလောရောက်ရင် ၀င်စားရမယ်ဆိုင်ထဲမှာ ပြည့်ပြည့် ရှမ်းခေါက်ဆွဲဆိုင် ပါပါတယ် သူတို့ပေးထားတဲ့ Review ကော အစားအသောက်အရသာကော Rating ကောင်းတယ် အဲဒါနဲ့သွားစားကြည့်တော့ (သုမောင်ထမင်းဆိုင်နဲ့နီးပါတယ်၊ မိန်းလမ်းမပေါမှာပါပဲ) သူတို့ပြောထားတဲ့ အတိုင်းပဲ အရသာလည်းကောင်းတယ့်အပြင် စောင့်ရတာလည်းမကြာဘူး ၊ဈေးနှုန်းကလည်းမများဘူး၊ သူတို့ဆီမှာ ၃၀၀၀ ဆိုတာက အများဆုံးပဲ ၊ Menuလည်းတော်တော်စုံတယ် ၊၊

ရှမ်းခေါက်ဆွဲ ၊မြေအို့းမြှီးရှည် ၊ မာလာဟင်း ၊တို့ဖူးနွေး ၊ ဆီချက်၊ ကြာဆံချဉ် ငံ စပ်၊ ထမင်းပေါင်း၊ထမင်းကြော် ၊ ခေါက်ဆွဲကြော် ၊ အရွက်ကြော်အစုံ ၊ထမင်းဖြူ ၊ နွားနို့၊ ဒိန်ချဉ်၊ အစုံပဲ ။ အဲဒီအထဲမှာမှ ဘာစားကြည့်လဲဆိုတော့ သူတို့နာမည်ကြီးတာက ရှမ်းခေါက်ဆွဲ နဲ့ နာမည်ကြီးတော့ ရှမ်းခေါက်ဆွဲစားကြည့်တယ်… အရသာက တော်တော်စားလို့ကောင်းတယ် စားဖူးတဲ့ရှမ်းခေါက်ဆွဲတွေနဲ့ အရသာကွာပါတယ် ပြီးတော့ ကလောဈေးထဲက ရှမ်းခေါက်ဆွဲကလည်းစားလို့ကောင်းတယ်ဆိုပေမယ့်လည်းပဲ အရသာချင်းကတော့ မတူပါဘူး နောက် မြေအိုးမြှီးရှည် သူလည်းစားလို့ကောင်းတယ် အရသာလေးက အရမ်းကြီးလည်း မပြင်းဘူး(အရမ်းမစပ်ဘူး အားလုံးအနေတော်ပဲ) ရန်ကုန်က အရသာနဲ့လည်းမတူဘူး သူ့မှာ မာလားဟင်းဖက်တွေမပါဘူး ဒါပေမယ့် အရသာရိုးရိုးရှင်းရှင်းလေးနဲ့စားလို့ကောင်းတယ်
ပြီးတော့ ခေါက်ဆွဲကြော် လည်းစားလို့ကောင်းတယ်၊ အသားလည်းများတယ် အရွက်လည်းများတယ် ၊ ဆီမရွဲဘူး ၊ ခေါက်ဆွဲကနေတော်ပဲ(မမာဘူး မပျော့ဘူး)၊။ တို့ဖူးနွေးလည်းကောင်းတယ်။

နောက်သူ့မှာရေးထားတဲ့Menu အဆန်းလေး၁ခုရှိတယ် ကြာဆံချဉ် ငံ စပ် တဲ့ .. သူကတော့ ရှမ်းခေါက်ဆွဲ အရည်ထဲကို ရှမ်းခေါက်ဆွဲဖက်အစား ကြာဆံထည့်ထားတာပါ…စားရတာတမျိုးလေးဆန်းပါတယ် (အရသာပေါ့ပေါ့လေးကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်)
ဈေးနှုန်းတွေကတော့ ရှမ်းခေါက်ဆွဲ၊ဆီချက်၊ ကြာဆံချဉ် ငံစပ် တစ်ပွဲကို ၇၀၀ ပဲရှိတယ် ကျန်တာတွေလည်း သူ့ဈေးနဲ့ သူကတော့တန်ပါတယ်။ အခြားအမယ်တွေနဲ့ ၃ပွဲ ၄ပွဲ စားတာတောင်မှ ၅၀၀၀မကျော်ပါဘူး။
။စားလို့လည်းတော်တော်ကောင်းပါတယ် ။ ကလောမှာ ညနေဖက်ဆိုရင် ရှမ်းခေါက်ဆွဲသွားစားတိုင်း သူတို့ဆိုင်ဆိုရင် လူအမြဲတမ်းစည်တယ် ။ ဆိုင်ဖွင်ချိန်က မနက် ၆နာရီကနေ ည ၈နာရီထိ ဖွင့်တဲအတွက်ကို မနက်စာပဲစားစား ၊နေ့လယ်နေ့ခင်းပဲစားစား ၊ အရမ်းဆင်ပြေပါတယ်။ ဒါကြောင့်ကလောရောက်ရင်တော့ ပြည့်ပြည့် ရှမ်းခေါက်ဆွဲဆိုင်ကို သွားစားကြည့်ဖို့ညွှန်းချင်ပါတယ် ။

 

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။